သိုက်ကလာတဲ့သူတဲ့(စ/ဆုံး)

05/12/2019 Shwe Thit Sar 0

သိုက်ကလာတဲ့သူတဲ့(စ/ဆုံး) တစ်နေ့သ၌ မရောက်တာကြာပြီဖြစ်သော မညိုတို့ အိမ်သို့ ကျနော်ဝင်လိုက်မိ၏။ မညိုမှာ အံ့သြသွားဟန်ဖြင့် ကျတော့်အား စိုက်ကြည့်နေပြီးမှ… “ဟာ …ဆရာတို့များ ခုမှပဲပေါ်လာတော့တယ်” “အေးဗျာ…အလုပ်တွေများနေလို့ ခုမှ လာဖြစ်တာပါ မညိုတို့မိသားစုအားလုံး နေကောင်းကြတယ်မို့လား ” ကျတော့်အမေးအဆုံးမှာတော့ မညို၏မျက်နှာ ညှိုးကျသွားသည်။ အကြောင်းတစ်ခုခုတော့ ရှိနေပြီဆိုတာ ထင်လိုက်မိ၏။ […]

နင် ဘယ်သူလဲ

15/11/2019 Shwe Thit Sar 0

နင် ဘယ်သူလဲ “သူဇာ”ရဲ့စိတ်တွေဆောက်တည်ရာမဲ့နေသည်။နွေနေ့တစ်နေ့ရဲ့ ညနေခင်းဟာ ရူးသွပ်စရာကောင်းလှသည်။ရိုးတံကျဲကျဲ အပင်အိုတို့က ကြွေလွင့်သွားသောသစ်ရွက်ခြောက်ကလေးများကို နှမြောတသကြည့်နေပြန်သည်။ပြတင်း တံခါးကိုဖြတ်၍ ဦးတည်ရာမဲ့တိုက်ခတ်လာတဲ့ နွေလေရူးတို့က “သူဇာ”ရဲ့ပါးပြင်ကို မထိတထိကျီစယ်ဆော့ကစားကြသည်။သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အဖို့ ဥသြငှက်ကလေးများကလည်း တစ်စုံတစ်ယောက်ကိုလွမ်းစေပြန်သည်။ အမှန်တိုင်းဝန်ခံရလျှင် “သူဇာ”နွေရာသီကိုမုန်းတီးမိသည်။ပူပြင်းသောဒဏ်ကိုမခံနိုင်၍ဖြစ်သည်။ပို၍ဆိုးသည်မှာ နွေရာသီတွင်ဖြေဆိုရသော ပထမနှစ်ဝက်စာမေးပွဲကြီးအတွက် ပူပူလောင်လောင်စာကျက်နေရသော အဖြစ်ကို တွေးရင်း၊ ဘေးနားတွင်ရှိသော […]

၁၅၀၀ အဆိပ် ငယ်ထိပ်တက်ပေါက်(စ/ဆုံး)

14/11/2019 Shwe Thit Sar 0

၁၅၀၀ အဆိပ် ငယ်ထိပ်တက်ပေါက်(စ/ဆုံး) “ဒိုင်း…” “သောက်ပလုပ်တုတ်တုတ်” ဝီဘလီခြောက်လုံးပြူးမှ ထွက်သွားသော သေနတ်သံတစ်ချက် ကြားလိုက်ရသည်။ အကူစာရေးရဲတပ်သား စိန်သောင်းလန့်၍ ထခုန်၏။ “ဟေ့ ကင်းလူကြီး သေနတ်လွတ်ကျပြီလားကွ” “ခြောက်လုံးပူးသေနတ်သံလား။ ရိုင်ဖယ်သေနတ်သံလားတောင် မသိတဲ့ကောင်က ရဲလုပ်နေတယ် ။ ကင်းသမားက သေနတ်လွတ်ကျမလားကွ” ကင်းလူကြီးက အကူစာရေးကို ပြန်အော်။ […]

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီးနှင့် ခေါင်းပေါင်းနီဆရာ(စ/ဆုံး)

13/11/2019 Shwe Thit Sar 0

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီးနှင့် ခေါင်းပေါင်းနီဆရာ(စ/ဆုံး) အချိန်ကား ၁၉၇၀ ခုနှစ်ကာလခန့်က ဖြစ်ပေသည်။ ဖြစ်ရပ်ကား ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေသည်ဟု ဆိုရပေမည်။ နေရာကား စမ်းချောင်းရပ်ကွက်ဘက်တွင် ဖြစ်သည်။ ရပ်ကွက်တွင်းရှိ ကျယ်ဝန်းလှသော ခြံကျယ်တစ်ခုတွင် ပိတောက်ပင်များ ဖျောက်ဆိပ်ပင်များ သရက်ပင်များဖြင့် ညိုမှိုင်းအုံ့မှိုင်းအုံ့ဆိုင်းကာ ကျေးငှက်သာရကာတို့ဖြင့် ပျော်ရွှင်မြူးတူးနေသော ပေ(၁၀၀)ပတ်လည်ရှိ ခြံကျယ်ကြီး […]

ကဝေချွတ်ပွဲ (စ/ဆုံး)

12/11/2019 Shwe Thit Sar 0

ကဝေချွတ်ပွဲ (စ/ဆုံး) မောင်လှသိန်းတို့ လယ်ကွင်းမှာ ရွာအနောက်ဘက်ဖျားနှင့် ကိုက်သုံးရာကျော်ခန့်သာ ဝေးသည်။ မနက်ဖြန် တပို့တွဲလပြည့်နေ့ဖြစ်သဖြင့် မိဘနှစ်ပါးစလုံး ဥပုဒ်စောင့်သွားရန် ပြင်ဆင်နေကြသဖြင့် တလင်းနယ်ရာသို့ မလာအားကြ။သို့ကြောင့်လည်း မောင်လှသိန်းတစ်ယောက်မှာ တလင်းနယ်ခြင်း ကောက်ဆွခြင်း နွားများကို ရေတိုက်ခြင်း စသည့်အလုပ်များကို ဇယ်ဆက်သလို အပြေးအလွှား လုပ်ကိုင်နေရသည် ယခုလည်း တလင်းနယ်ပြီးသွားသဖြင့် […]

ရှင်သူငယ် ဂမုန်း ရှာပုံတော် (စ/ဆုံး)

10/11/2019 Shwe Thit Sar 0

ရှင်သူငယ် ဂမုန်း ရှာပုံတော် (စ/ဆုံး) လူတိုင်း လူတိုင်းတွင် ဝါသနာတစ်မျိုးစီ ရှိတတ်ပေရာ ကျွန်ပ်၏ဝါသနာမှာ “ဂမုန်းပင်များ”စိုက်ပျိုးခြင်းဖြစ်သည် ရုက္ခလောကတွင် အပင်မျိုးပေါင်းမြောက်များစွာ ရှိသည့်အထဲမှာ ဂမုန်းပင်များက အများနှင်မတူ တစ်မူထူးခြားသော အပင်များ ဖြစ်ကြ၏ ဂမုန်းများသည် ဂမ္ဘီရဆန်ပြီး နာမ်လောကနှင့် ဆက်နွယ်မှုနေ၍ လည်း ထူးခြားလှသည်ဟု ဆိုရချေမည်။ […]

လာတော့ ဧည့်သည် ပြန်တော့သရဲ(စ/ဆုံး)

09/11/2019 Shwe Thit Sar 0

လာတော့ ဧည့်သည် ပြန်တော့သရဲ(စ/ဆုံး) သူနာမည်က ချစ်တီး။မိုးလင်းက မိုးချုပ် ကြက်ဆင်ဖဲ ထီးတစ်ချောင်း ပုခုံးချိတ်ပြီး ပြွန်တန်ဆာမြို့အပိုင် ကျေးရွာအနှံ့လျှောက်သွားနေသည့်သူ… သူမနက်ပိုင်းထွက်သွားပြီး ပြွန်တန်ဆာမြို့သို့ ပြန်လာသည်နှင့် သူနှင့်အတူ အသက်အရွယ်ကြီးရင့် အိုမင်းမစွမ်းတော့သည့် နွားတစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့် ပါလာတတ်သည်။ သူ၏အလုပ်က ပြွန်တန်ဆာမြို့ သားသတ်လိုင်စင် ရထားသူ၏ […]

ကဝေ့သွေး (စ/ဆုံး)

08/11/2019 Shwe Thit Sar 0

ကဝေ့သွေး (စ/ဆုံး) ကျုပ်ရေးခဲ့တဲ့ ‘ကဝေဆယ်နှစ်ကြိုး’စာအုပ်ကို ခင်ဗျား ဖတ်ဖူးမှာပါ ။ အဲဒီစာအုပ်ထဲမှာ ကျုပ်ကို ဆရာစိုင်းနွံဖ လာခေါ်လို့ ဆရာကြီးဦးမင်းအောင်နဲ့ ကဝေလိုက်ခရီးတွေမှာ ပါခဲ့တာတွေကို ကျုပ်ရေးပြ ထားတာလေဗျာ။ အဲဒီခရီးတွေ သွားနေတုန်းက ဒီအကြောင်းကို ဆရာနွံဖပြောပြတာဗျ။ဆရာနွံဖ ကျုပ်ကိုပြောပြတဲ့ အတိုင်း ကျုပ်က ခင်ဗျားကို ပြန်ပြောလိုက်မယ်ဗျာ။ […]

နတ်ခုန်ချောင်း(စ/ဆုံး)

07/11/2019 Shwe Thit Sar 0

နတ်ခုန်ချောင်း(စ/ဆုံး) မူရင်းရေးသူ ဆရာတာတေ ဘိုးလူပေက ချက်ချင်းမပြန်သေးဘူး။ အနီးအနားက ရွာတွေကိုလှည့်ပြီး ပယောဂကုနေသေး တာ။ပြုစားထားတာတွေ ။ အပင်းသွင်းထားတာတွေ လိုက်ပြီးကုပေးတာလေဗျာ။တချို့ကတော့ ဝိုင်းထဲမှာ အင်းမြှုပ်ပြီး တိုက်တာ။ခိုက်တာတွေကို အင်းလိုက်ပေးရတာဗျ။ တစ်ခါ တစ်ခါ ဘိုးလူပေက ကျုပ်တို့ရွာအထိ ရောက်လာတယ်။ရွာရောက်ရင်တော့ ကျုပ်အိမ်ကို ဝင်တာဗျ။အမေတို့ အဘတို့လည်း ဘိုးလူပေက […]

အရမ်းခြောက်တဲ့ တစ္ဆေ (စ/ဆုံး)

06/11/2019 Shwe Thit Sar 0

အရမ်းခြောက်တဲ့ တစ္ဆေ (စ/ဆုံး) အခုတလော ဘန့်ဘွေးသားကုန်းသားတွေနဲ့ ငွေတွင်းကုန်းရွာသားတွေရော တော်တော်ကို ဒုက္ခရောက်နေကြတယ်ဗျ။ ဒီသတင်းကတော့ တော်တော်ကို ကျော်နေပြီဗျို့။မြို့သွားတဲ့ လှည်းလမ်းမှာ တစ္ဆေခြောက်လို့တဲ့။ ဘန့်ဘွေးကုန်းကနေ မြို့ကိုသွားရင် မြို့ရောက်ဖို့ တစ်မိုင်လောက်အလိုမှာ တောထဲကိုဝင်တဲ့ လမ်းကလေးတစ်လမ်းရှိတယ်။အုတ်ခင်းလမ်းကလေးဗျ တော်တော်တော့ ဟောင်းနေပါပြီ။ဘယ်ခေတ်ကတည်းက ရှိခဲ့တယ်ဆိုတာတော့ ဘယ်သူမှ မသိဘူးဗျ။ အဲဒီလိုပဲ […]