အကိုအရင်းရဲ့ အဓမ္မပြုကျင့် ခံရမှုကြောင့် ကိုယ်ဝန်ရတဲ့ ၇တန်းကျောင်းသူလေး

ပညာပေး
ပညာပေး

အကိုအရင်းရဲ့ အဓမ္မပြုကျင့် ခံရမှုကြောင့် ကိုယ်ဝန်ရတဲ့ ၇တန်းကျောင်းသူလေး

ဝေးလံခေါင်ဖျားတဲ့ တောင်တန်း ဒေသတစ်ခုမှာ ၇ တန်းကျောင်းသူလေးသက်ငယ်မုဒိန်းနဲ့ ဗိုက်ကြီးတယ်။ ရင်ထဲ စို့ရတာက သူ့ကို မကြာခင် ရွာပြင်ထုတ်ထားကြတော့မယ်လို့ သိရတယ်။ (အကို အရင်းနဲ့ဖြစ်တာဆိုတော့ ရွာနာတယ်ပေါ့) ဒေသကို ကျွန်တော် အပြစ်မတင်ရက်ပါ.. သာမန် မုဒိန်းမှုတောင် မဖြစ်ဖူးတဲ့ ဒေသမှာ အကိုအရင်းနဲ့ သက်ငယ်မုဒိန်းမှုဖြစ်တယ်ဆိုတော့ အလန့်တကြား ဖြစ်သိရှာတာ..။

ပညာပေး
ပညာပေး

နေမကောင်းရင်တောင် နတ်စာကျွေးတဲ့ တောင်တန်းဒေသ တစ်ချို့နေရာတွေမှာ ဆန်းပြားတဲ့ အကြောင်းတွေ သူတို့မသိ.. သူတို့ဟာ Victim Blaming ဘာညာ နားမလည်..

အို.. ဟိုး…ဝေးလံခေါင်ဖျား ဒေသ မပြောပါနဲ့လေ. နေပြည်တော်မှာဖြစ်တဲ့ Victoria အမှုမှာတောင် ပညာတတ်ပါတယ်ဆိုတဲ့ သူတွေက သမီးလေးကို Blam တာ အများကြီးရယ်..။

ထားပါတော့.. ကံကောင်းစွာနဲ့ပဲ ကျွန်တော် အဲဒီသမီးလေးကို ကူညီ ကယ်တင်လိုက်နိုင်ပါတယ်။ ဒေသခံ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ သမီးလေးဟာ (တစ်ရက် နှစ်ရက် အတွင်း) ကျွန်တော့် အရိပ်အောက်ကို ရောက်လာတော့မှာပါ..။ ဒီပုံအတိုင်းဆို သူ့ဒေသကို ပြန်ဖို့ မဖြစ်နိုင်တော့တာမို့ ကျွန်တော့်ဆီမှာပဲ ထားရတော့မှာ ဖြစ်ပါတယ်။

Loading...

ခုနောက်ပိုင်း တောင်တန်းဒေသတွေ ရောက်တိုင်း ဒေသခံတွေကို ကျွန်တော် Sex Education သင် ပေးပါတယ်.. (အောက်ကပုံဟာ ကျွန်တော် ပရဟိတခရီးမှာ တောင်ရိုးလူငယ်တွေကို Sexual Khowledge အကြောင်း ဟောပြောနေတဲ့ပုံပါ..)

မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ဒေသတွေအထိပါ သက်ငယ်မုဒိန်းက ခြေဆန့်လာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပိုကြိုးစားဖို့သာ သတိပေးနေမိပါတော့တယ်။

ကိုစိုးထိုက် (ဖဒို) အနာဂတ်ကြယ်ပွင့်လေးများ Safe House

လေးစားစွာဖြင့် ခရက်ဒစ်

(Visited 984 times, 1 visits today)

Loading...

Be the first to comment

Leave a Reply

Your email address will not be published.


*