လိုင်းပေါ်မှာတွေ့ပြီးလူပျိုဆိုလို့ လင်မယားလို (၃)ကြိမ်နေပြီးကာမှ မယားကြီးလိုက်လာတဲ့အဖြစ်

လိုင်းပေါ်မှာတွေ့ပြီးလူပျိုဆိုလို့ လင်မယားလို (၃)ကြိမ်နေပြီးကာမှ မယားကြီးလိုက်လာတဲ့အဖြစ်

နိုဝင်ဘာ ၂၉၊ လှိုင်သာယာမြို့နယ်တွင် လူမှု့ကွန်ယက် ဖေ့ဘုတ် ပေါ်တွေ့ရှိသူနှင့် ချစ်ကြိုက်‌ပေါင်းသင်းနေရာမှ အိမ်ထောင်ရှိအမျိုးသား ဖြစ်‌နေသဖြင့် နိုဝင်ဘာ ၂၈ရက်နေ့၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် နေသူအမျိုးသမီး မှာ လွန်ခဲ့သော ၂ လခန့်က လူမှုကွန်ယက်စာမျက်နှာဖေ့ဘုတ် မှတဆင့် တွေ့ဆုံကာ ကိုစည်သူထက် နှင့်ချစ်ကြိုက်ခဲ့ပြီး မကြာခဏချိန်းတွေ့ ခဲ့ရာမှ ကိုစည်သူထက်မှ လူပျိုဖြစ်ကြောင်း သူမအား အမှန်တကယ်ချစ်ကြိုက်၍ လက်ထပ်ပေါင်းသင်းမည်ဟု တွေ့ဆုံသည့်အခါတိုင်း ပြောခဲ့သဖြင့် ယုံကြည်၍ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အမှတ် ၆ရပ်ကွက်ရှိ အောင်တံခွန် တည်းခိုခန်း၌ နှစ်ဦးသဘောတူ လင်မယားအဖြစ် ၂ ကြိမ် နေထိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့တွင်လည်း ကိုစည်သူထက် ယ္ခင်နေဖူးသည့်အဆောင်တွင် ထပ်မံပေါင်းသင်းနေထိုင်ခဲ့ကြောင်း တရားလို၏ တိုင်ချက်မှ သိရသည်။

Loading...

နိုဝင်ဘာ ၂၆ရက်နေ့ည ၆နာရီခွဲခန့်တွင် အဆိုပါအဆောင် တွင် တရားလိုတစ်ဦးတည်းရှိနေစဉ် မဝေဇင် ဆိုသူအမျိုးသမီး ရောက်လာပြီး မဝေဇင်မှ စည်သူထက်၏ လက်ရှိ တရားဝင်ဇနီးမယား ဖြစ်ကြောင်း လာရောက်ပြောပြီး၊ နောက်ပိုင်းတွင် စည်သူထက်မှာ တရားလိုထံပြန်လာခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ၎င်းအား စည်သူထက်မှာ သားမယားရှိပါလျှက် လူပျိုဟုပြော၍ ၃ ရက်တိုင် ပေါင်းသင်းနေထိုင်ခဲ့သူ အမှတ် ၆ရပ်ကွက် ဘုရားလမ်းနေ စည်သူထက်အား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းမှသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စည်သူထက် ၂၂ နှစ်အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၇၀၁၆/၂၀၁၉ တစ်လင်တစ်မယားပုဒ်မ ၁၇ ဖြင့်အမှုဖွင်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

(Visited 1,075 times, 1 visits today)

Loading...

Be the first to comment

Leave a Reply

Your email address will not be published.


*