အမေရိကန်ကို အသက်နှုတ်မယ့် လျှပ်စစ်သံလိုက်စက်ကွင်း စစ်ရေးအစီအစဉ်ကို ဦးဆောင်ပြီး ပြုလုပ်နေတဲ့ တရုတ်နဲ့ရုရှာ

အမေရိကန်ကို အသက်နှုတ်မယ့် လျှပ်စစ်သံလိုက်စက်ကွင်း စစ်ရေးအစီအစဉ်ကို ဦးဆောင်ပြီး ပြုလုပ်နေတဲ့ တရုတ်နဲ့ရုရှာ

လျှို့ဝှက်အဆင့် လျှော့ချပြီး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတစ်ရပ်မှာ အမေရိကန်နိုင်ငံအတွက် လျှပ်စစ်သံလိုက်စက်ကွင်း electromagnetic pulse လက်နက်နဲ့ တိုက်ခိုက်ခံရနိုင်ခြေ ဘေးအန္တရာယ် ရှိနေကြောင်း ဖော်ပြထားတာကို တွေ့မြင်သိရှိရပါတယ်။

Map
Map

နောင်ကာလတစ်ခုမှာ တရုတ်၊ ရုရှ၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ဟာ ပဋိပက္ခထိပ်တိုက်တွေ့မှုမှာ အာကာသကနေပြီး အမေရိကန်ကို EMP လို့ ခေါ်တဲ့ အသံတစ်ချက်မထွက်ဘဲ ပျက်သုဉ်းခြင်းဆိုက်စေတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းလက်နက်နဲ့ တိုက်ခိုက်သွားဖို့ ပြင်ဆင်နေကြကြောင်း လျှို့ဝှက်အဆင့်လျှော့ချတဲ့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

EMP ခေါ် လျှပ်စစ်သံလိုက်စက်ကွင်းလက်နက်ဟာ ရောင်ခြည်ဖြာလက်နက်အမျိုးအစားဖြစ်ပြီး ပေါက်ကွဲသံ ထွက်ပေါ်ခြင်းမရှိ၊ ပြင်းထန်တဲ့ တုန်ဟီးမှု မရှိ၊ အပျက်အစီး တစ်စုံတစ်ရာ မရှိဘဲ ရန်သူကို အသက်မဲ့စေတာပါ။ အဲဒီ ရောင်ခြယ်ဖြာ စက်ကွင်းလွှမ်းခြုံရာ နယ်မြေဒေသတွေမှာ အီလက်ထရောနစ်စက်ပစ္စည်းတွေ မှန်သမျှ အလုပ်မလုပ်တော့ဘဲ တစ်နိုင်ငံလုံး အသက်မဲ့တဲ့ ဘဝမျိုး ရောက်သွားစေမယ့် လက်နက်ပါ။

Meeting
Meeting
Loading...

ဒီ EMP လက်နက်နဲ့ ပတ်သက်ပြီး အမေရိကန်၊ ရုရှနဲ့ အိန္ဒိယစတဲ့ နိုင်ငံတစ်ချို့ဟာ အောင်မြင်စွာ စမ်းသပ်ပိုင်ဆိုင်ထားတယ်လို့ ကြားသိရပေမယ့် လက်တွေ့သုံးစွဲလာတာမျိုးလည်း မမြင်၊ မတွေ့ရသေးပါဘူး။

Loading...

အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်မှုများအား အကဲဖြတ်ခြင်းဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီက အောက်တိုဘာ ၂၃ ရက်မှာ အဆင့်လျှော့ချထုတ်ပြန်လိုက်တဲ့ အခု အစီရင်ခံစာမှာတော့ တရုတ်၊ ရုရှစတဲ့ အဆိုပါ လေးနိုင်ငံဟာ အာကာသကနေပြီး EMP လက်နက် အသုံးပြု တိုက်ခိုက်လို့ အမေရိကန်စစ်တပ်ကို ဒုက္ခတိဖြစ်စေပြီး တစ်တိုင်းပြည်လုံးကိုပါ အမှောင်တိုက်သွင်းဖို့ တိုက်ရေးဆင်ရန် ပြင်ဆင်လျက် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်တဲ့ သတင်းတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံဟာ အဓိကအခြေခံအဆောက်အအုံတွေကို လျှပ်စစ်သံလိုက်စက်ကွင်းဘေးဒဏ်ကနေ ကာကွယ်တားဆီးဒဏ်ခံနိုင်ရေး နည်းစနစ်တွေ တပ်ဆင်နိုင်ရန် ကြိုးပမ်းနေကြောင်း သတင်းတစ်ရပ်မှာလည်း ဖော်ပြထားပါတယ်။

“အမေရိကန်ရဲ့ နိုင်ငံတော်ဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေဟာ ပူးပေါင်းလက်နက်ကိုင်အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေကို ပစ္စက္ခအခြေအနေမှာ ရင်ဆိုင်နေရပါတယ်။ ဆိုင်ဘာတိုက်ခိုက်မှုတွေ၊ လူလုပ် လျှပ်စစ်သံလိုက်စက်ကွင်း EMP တိုက်ခိုက်မှုတွေစတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါပြီ။”လို့ အဆိုပါ အစီရင်ခံစာမှာ သတိပေးထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား
မြောက်ကိုရီးယား

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ မြောက်ကိုရီးယားအပါအဝင် နျူကလီးယား လက်နက်ပိုင် ယှဉ်ပြိုင်ဖက်နိုင်ငံတွေဟာ အမေရိကန်ကို EMP တိုက်ခိုက်မှု ဆင်နွှဲဖို့ စွမ်းရည်ရှိနေပြီး ခြိမ်းခြောက်လာနေပြီလို့ အဆိုပါ အစီရင်ခံစာက ထုတ်ပြန်ထားပါတယ်။

Rf; The Washington Free Beacon
Writer_မောင်သံဆင့် ( XYZ News )

(Visited 137 times, 1 visits today)

Loading...

Be the first to comment

Leave a Reply

Your email address will not be published.


*