မိတ္ထီလာတက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦး အဝေးသင်စာမေးပွဲအပြီး အသတ်ခံရ…

မိတ္ထီလာတက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦး အသတ်ခံရ

ရန်ကုန်၊နိုဝင်ဘာ ၃၀ – အဝေးသင် တတိယအသုတ်မှာပါဝင်ပြီး သမိုင်း(ပထနှစ်)ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်သန့်ကျော်ဦးဟာ အဝေးသင်စာမေးပွဲအပြီးမှာ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် အိုးအိုင်ရွာက ဖြစ်ပြီး မိတ္ထထီလာတက္ကသိုလ်မှာ အဝေးသင်လာတက်တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့က အဝေးသင် တတိယအသုတ်ရဲ့ စာမေးပွဲနောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းမှာတော့ မောင်သန့်ကျော်ဦးကို ကန်ပတ်လမ်း မှာ ဝဲဘက် ရင်အုံထိုးသွင်းဒဏ်ရာတစ်ခုနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၂၉.၁၁.၂၀၁၉ နံနက် ၇း၃၀ နာရီအချိန် ဆွမ်းလောင်းအပြန် အိမ်မရောက်သေး မြို့မရဲစခန်းတာဝန်မှူးဖုန်းဆက်လို့ မိတ္ထီလာမြို့ရေလည်ဘုရားတောင်ဘက် ကန်ပတ်လမ်း အထက ၁ အနီးမှာ လူငယ်တစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေ၍သွားရောက်သယ်ယူ ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည် ။ သေသူအနီးတွင်သောက်စားလက်စ အရက်နှင့်အစားသောက်များစွာ တွေ့ရ ညအချိန်အခင်းဖြစ်နိုင်သည် ။ ၂၈.၁၁.၂၀၁၉သည် အဝေးသင် တက္ကသိုလ်စာမေးပွဲနောက်ဆုံးနေ့ အသေးစိတ်သိလိုက မြို့မရဲစခန်း ၀၆၄ ၂၃၅၀၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း မိမိဆွေမျိုးသားချင်းများလည်း လူပျောက်နေပါက သွားရောက်သင့် ပါကြောင်း ရန်အောင်မြင်အသင်း ဆောင်ရွက်ချက်အား တင်ပြပါသည် ။ အောင်ဆန်း(သေတိုင်းတွေ့)

Loading...

(Visited 2,042 times, 1 visits today)

Loading...

Be the first to comment

Leave a Reply

Your email address will not be published.

*