အသံကြား နေတာကို မသိကျိုးကျွန်ပြုခဲ့လို့ အဓမ္မကျင့်ပြီး အသတ်ခံခဲ့ရတဲ့ မိန်းကလေး

အသံကြား နေတာကို မသိကျိုးကျွန်ပြုခဲ့လို့ အဓမ္မကျင့်ပြီး အသတ်ခံခဲ့ရတဲ့ မိန်းကလေး

Donald Thurman ဆိုတဲ့အမျိုးသားက အသက် (၁၉) နှစ်အရွယ် Ruth Georgeကို လည်ပင်းညှစ်သတ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ တရားလိုရှေ့နေက ပြောပါတယ်။ အကြောင်းရင်းကတော့ အနောက်ကနေ တပြွတ်ပြွတ်နဲ့ အသံပေးနေတာကို လှည့်မကြည့်လို့ပါတဲ့။  ဒီက လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးတွေကို ခေါ်တဲ့အသံလိုမျိုးပေါ့…။

နိုဝင်ဘာလ(၂၃)ရက်နေ့အစောပိုင်းက ချီကာဂိုမြို့ရှိ Illinoisတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူ တစ်ယောက်ဖြစ်တဲ့ Ruth George ဟာကျောင်းဝန်းထဲရှိ သူမကားထားရာ ကားဂိုဒေါင်ကို တစ်ယောက်တ ည်း လမ်းလျှောက် လာခဲ့ချိန်မှာ အမျိုးသားတစ်ယောက်ဟာ သူမနောက်ကနေလိုက်ပြီး သံသေးသံကြောင်နဲ့ေ အ်ာဟစ်မှုတွေလုပ်ခဲ့ပါတယ်။အမျိုးသမီးတွေရဲ့ ထုံးစံအတိုင်း Ruth George ဟာလည်း အဆိုပါအမျိုးသားကိုမသိကျိုး ကျွန်ပြုပြီး သူမသွားလိုရာ နေရာကိုသာ ဆက်လက်သွား ခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုလုပ်လိုက်တာဟာ သူမကိုသေစေ တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Donald Thurman ဆိုတဲ့အမျိုးသားဟာ George နောက်ကနေလိုက်နေခဲ့ပေမယ့် မသိကျိုးကျွန်ပြုခံရတာကြောင့်  ဒေါသထွက်ပြီး သူမရဲ့နောက်ကနေ လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်သတိလစ်နေတဲ့ George ကို သူမကားရဲ့နောက်ခန်းထဲရှိ ခုံပေါ်ကိုပစ်တင်လိုက်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ တရား လိုရှေ့နေကပြောပါတယ်။

အိမ်ကိုပြန်ရောက်မလာတဲ့ George ကို သူမရဲ့မိသားစုတွေက စိုးရိမ်ပူပန်ခဲ့ ကြတဲ့အတွက် ရဲကိုအကြောင်း ကြားခဲ့ပါတယ်။ အခင်းဖြစ်နေရာကို ရဲတွေနဲ့အတူ George ရဲ့ညီမဖြစ်သူတွေ ရောက်ရှိသွားတဲ့ အချိန်မှာ ကားနောက်ခန်း ထဲမှာလဲနေတဲ့ George ကိုတွေ့ခဲ့ရပါတယ်။ George ဟာ အသက်မရှူနိုင် လောက်အောင်ကို လည်ပင်းညှစ်ခံခဲ့ရတဲ့ အတွက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူတွေက ပြောပါတယ်။

Loading...

နိုဝင်ဘာ(၂၄)ရက်နေ့မှာတော့ Thurman ကိုလူသတ် မှု၊ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုစတဲ့ပြစ် တေတွေ နဲ့ တရားစွဲဆို ဖမ်းဆီးခဲ့ပါအသက်(၂၆)နှစ်အရွယ် Thurman ဟာ လက်နက်ကိုင်လုယက်မှုနဲ့ထောင်(၆)နှစ်ကျပြီး  ပြီးခဲ့တဲ့ဒီဇင်ဘာက ထောင်ကထွက်လာတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ရဲကဆိုပါတယ်။

တရားသူကြီးကလည်း Thurman ကို အာမခံမပေးပဲထားဖို့အတွက် နိုဝင်ဘာလ(၂၆)ရက်နေ့ကအမိန့်ပေးခဲ့ပါတယ်။ကြားနာစစ်ဆေးနေစဉ်အတွင်း ကွတ်ကောင်တီအစိုးရရှေ့နေတွေက George ရဲ့သေဆုံးမှုဟာ ကြောက်စရာအခြေ အနေတွေကိုဦးဆောင်နေသလိုဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

လမ်းလျှောက်လာတဲ့ George ဟာချစ်စရာကောင်းတာကြောင့် Thurman ဟာသူမကိုစကားပြောဖို့ကြိုးစားခဲ့တာလို့ တရားလိုရှေ့နေကတရားရုံးမှာပြောကြားခဲ့တာကို BuzzFeed News မှာဖော်ပြခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာရှိကားထဲမှာ ကွန်ဒုံးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထွက်ဆိုခဲ့ပါတယ်။

အဖြူရောင်ဂျာကင်ကိုဝတ်ဆင်ထားတဲ့ Thurman ဟာ George ရဲ့နောက်ကနေ ကားဂိုထောင်ထဲကိုလိုက်ဝင်သွား ခဲ့ပြီး (၃၅)မိနစ်လောက်အကြာမှာ ပြန်ထွက်ပြေးလာခဲ့တာကို စောင့်ကြည့်ကင်မရာကနေတစ်ဆ င့်တွေ့ခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ဒါ့ကြောင့် အခင်းဖြစ်ပွားပြီးနောက်တစ်နေ့မှာပဲ Thurman ကိုဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ကျွန်မတို့မိသားစုရဲ့အချစ်ဆုံးကလေးလေးပါ။ကျွန်မတို့အားလုံးဝမ်းနည်းကြေကွဲနေရပါတယ်လို့ George ရဲ့မိခင်ကပြောပါတယ်။

(Visited 806 times, 1 visits today)

Loading...

Be the first to comment

Leave a Reply

Your email address will not be published.


*