ရေခဲသေတ္တာပြင်ဖို့ ခေါ်ထားတဲ့လူက အပြာကားပြ ပြီး၊ အိမ်ရှင်ကို…ပြုကျင့်ဖို့ ကြံစည်ကြိုးစား

ရေခဲသေတ္တာပြင်ဖို့ ခေါ်ထားတဲ့လူက အပြာကားပြ ပြီး၊ အိမ်ရှင်ကို…ပြုကျင့်ဖို့ ကြံစည်ကြိုးစား

အခင်းဖြစ်ရာနေရာ
အခင်းဖြစ်ရာနေရာ

မလေးရှားနိုင်ငံမှာ အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ နေအိမ်မှာ ရေခဲသေတ္တာ ပျက်နေတဲ့အတွက် ကျွမ်းကျင်ပြုပြင်ရေးသမားတစ်ဦးကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ အသက်ခပ်ကြီးကြီး အမျိုးသားတစ်ယောက် ရောက်လာပြီး၊ ရေခဲသေတ္တာကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ရေခဲသေတ္တာကို ဆက်မပြင်ဘဲ၊ အိမ်မှာရှိနေတဲ့ ကောင်မလေးကို အိမ်ထောင်ရှိလား၊ ကောင်လေးနဲ့အတူနေဖူးလား စသဖြင့်ပြောဆိုကာ သူ့ရဲ့ဖုန်းနဲ့ အပြာကား ကြည့်ခဲ့ပါတယ်။ အခင်းဖြစ်ရာနေအိမ်မှာ အမျိုးသမီးငယ် နှစ်ဦးနေထိုင်ပြီး၊ တစ်ယောက်က အပြင်ရောက်နေခိုက်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။

အဆိုပါ အမျိုးသားဟာ နောက်ပိုင်းမှာတော့ လိင်ပိုင်းစော်ကားလိုတဲ့ သဘောလက္ခဏာတွေ တွေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို အတူနေသူငယ်ချင်းကောင်မလေးက TehOiah (@ohhjiaa) အမည်ရ တွစ်တာအကောင့်ကနေ ပြန်လည်ဖြန့်ဝေခဲ့တာပါ။

Loading...

အဲဒီအမျိုးသားဟာ ရေခဲသေတ္တာလည်း ကောင်းကောင်းပြင်တတ်ပုံ မရပါဘူး။ ဒါပေမယ့် ဟိုစစ်ဒီစစ်လုပ်ပြီးတော့ အေးမအေး စောင့်ကြည့်လိုက်မယ်လို့ ပြောပြီး၊ စောစောကပြောတဲ့အပြုအမူတွေကို ပြုလုပ်ပါတော့တယ်။ သူဟာ အပြာဇာတ်ကားကို အသံအကျယ်ကြီး ဖွင့်ထားပြီး၊ လိင်ကိစ္စနဲ့မကင်းတာတွေ မေးပါတော့တယ်။

အိမ်မှာကျန်ခဲ့တဲ့ ကောင်မလေးကို လိင်ဆက်ဆံဖူးလား၊ ပထမဆုံးအတွေ့အကြုံက ဘယ်လိုလဲ၊ သူနဲ့ သူ့ဇနီးကတော့ ဘယ်လို စသဖြင့် ပြောဆိုခဲ့ပါတယ်။ ရေခဲ့သေတ္တာကိုလည်း ဆက်မပြင်ခဲ့ပါဘူး။ သို့ပေမယ့် ကိုယ်ထိထက်ရောက် စော်ကားတာမျိုးတော့ မရှိခဲ့ပါဘူး။ ကောင်မလေးက ပွဲစားကိုဖုန်းဆက်တော့ သူ မယောင်မလည်နဲ့ ထွက်ပြေးခဲ့ပါသတဲ့။

နေသူရိန် D Nae Khit Media

(Visited 367 times, 1 visits today)

Loading...

Be the first to comment

Leave a Reply

Your email address will not be published.


*